ပင်မနေရာပြင်ရန်

flycatlay007@gmail.com

Monday, October 01, 2012

အတိတ်ကလပြည့်ည



ခွဲခွာခဲ့ကြရပေမယ့်
ဆွဲခွာလို့ မရတာ
ငါ့ရင်ဘတ်ထဲက
နင့်ရဲ့ အပြုံးလှလှလေးတွေပါ
ချစ်သူ။
အတိတ်မှာကြုံဖြစ်ခဲ့ကြတဲ့
လပြည့်ညလေးတွေက
ကံကြမ္မာအမှောင်ဖုံးလို့ 
ပျောက်ဆုံးခဲ့ရပေမယ့်
ဒီရင်မှာလင်းနေတုန်းပါပဲ
ချစ်သူ။
ကျောခိုင်းခဲ့ကြတယ်ဆိုပေမယ့်
တစ်လမ်းတည်းပါပဲချစ်သူ
ခရီးကမကြမ်းပေမယ့်
အသည်းကတော့ကျွမ်းခဲ့ရတယ်။
အရှုံးကိုမုန်းနေခဲ့ကြပေမယ့်
အရှုံးကပြုံးပြုံးလေးနဲ့ 
ဒို့ နစ်ယောက်ကြားကိုဝင်လာခဲ့တယ်။

No comments:

Post a Comment

ူသူငယ်ချင်းရဲ့ ကွန်မန့် တစ်ခုသည် ကျတော်ရဲ့ အားဆေးတခွင့်ပါ

မြန်မာ သတင်းများ