ဘယ်သောင်ထွန်းလို့ ဘယ်ကမ်းမှာဝေစည်နေလဲ
သိချင်စမ်းတယ်
ဘယ်နှစ်ပွင့်ကြွေလို့ ဘယ်နှစ်ပင့်နွမ်း
သိချင်စိတ်ပြင်းရှရှက ရင်တွင်းဘောင်ဘင်ခတ်လို့
ကံမကုန် ပြန်ဆုံမဲ့နေ့
အရင်လို ရယ်နိင်ဦးမလား တွေးရင်း
ဆုတောင်းမိတာ အခါခါ။
ဆယ်ကမ္ဘာ ပြောင်းသွားလည်း
အဖြူရောင်ခင်မင်မှု သံယောဇဉ်နှင့်
ပျက်သုဉ်းမသွားမယ့်သူငယ်ချင်းအက္ခရာက
နှလုံးသားရပ်ဝန်းမှာ ခိုင်မြဲစွာထွင်းထုလို့။
တကယ်ပြန်ဆုံဖြစ် ခဲ့ကြရင်လေ
မပြောဖြစ်ခဲ့ကြတဲ့ရင်တွင်းစကားတွေ
ဖလှယ်ကြမယ်သူငယ်ချင်းရယ်......။
No comments:
Post a Comment
ူသူငယ်ချင်းရဲ့ ကွန်မန့် တစ်ခုသည် ကျတော်ရဲ့ အားဆေးတခွင့်ပါ