ပင်မနေရာပြင်ရန်

flycatlay007@gmail.com

Friday, October 05, 2012

ခိုင်မြဲသောတွဲလက်



ချစ်သူလက်ကို အတူဆွဲလို့

အဝေးကြီးကို မထွက်သွားဘူး

ချစ်သူအနာမှာပဲ နေတော့မယ်

ခိုင်မာတဲ့ယုံကြည်ချက်နဲ့အသက်ရှင်

ဘယ်လိုအကြောင်းကြောင့်နဲ့မှ

မခွဲသွားဘူးလို့ ပြောခဲ့သောချစ်သူ

အခုတော့ နေဝင်ချိန်ညနေခင်လေမှာ

ထွက်သွားလို့ နူတ်ဆက်နေတာ

ခိုင်မြဲတဲ့ ချစ်သူရဲ့ တွဲလက်လား................

ဖေဖေ နဲ့ မေမေ



အနန္တဂိုဏ်းဝင်

ကျေးဇူးရှင်

ဖေဖေ နဲ့ မေမေကို

အစဉ်ထာဝရ

ဂါဝရပြုလျှက်

. (အောင်နိုင်ဝင်း)

ချစ်သူရယ် "1"



ဒေါသထွက်မှာစိုးလို့လည်း

စောဒကလည်းမတက်ရဲပဲနဲ့

ပြောရခက်နေလို့ပါ

အချစ်ဦးရယ်။။။။။။။။

အချစ်ရယ် တစ်ဖက်လူသား

အသက်ရူမှားပြီး ရတဲ့အပူပွား

အောင်တော့မလုပ်နဲ့

အချစ်ရယ်။။။။။။။။။

ခိုင်မြဲတဲ့ သစ္စာ

မယိုင်လဲတဲ့ မေတ္တာနဲ့

ကမ္ဘာဆုံးအထိ တစ်ဘဝလုံး

ချစ်နေမယ်။။။။။။။။။

ချစ်သူရယ်"2"



မုန်းမရတဲ့စကားတွေနဲ့

လုံးဝမသနားပဲ

အသုံးချတော့မသွားနဲ့

ချစ်သူရယ်။။။။။။

အချစ်သူရယ် မလိမ္မာတဲ့

အကြောင်းတရားတွေကြောင့်

တို့နှစ်ယောက် ကိန္နရာချောင်းခြားမှာ

တို့စိုးတယ်ကွယ်။။။။။။။။။

အပြစ်ကို ရန်ညိုးထားပြီး

ယိုးမယ် မဖွဲ့ပါနဲ့လားကွယ်

အချစ်ကို တန်ဖိုးထားပြီး

ကိုးကွယ်ခဲ့ သူပါ။။။။။။။။။။။။

သင်ကံကောင်း မကောင်းဆိုဒါဒီမှာကြည်ပါ



အခုခေတ်မှာ လူတွေသာများပြီးတော့

အဖော်ကျတော့ တော်တော်ရှားပါတယ်

ကိုယ်စိတ်ထဲမှာ ရှိတာကိုတကယ်

ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း

စိတ်ထဲရှိတဲ့အတိုင်း ပြောပြလို့ရတဲ့သူ

ပြောရင်နားလည်မယ့်သူ နားထောင်မယ့်သူ

ကိုယ်ချင်းစာမယ့်သူ နည်းနည်းရှားတယ်...နော်

ကိုယ်မှာအဲသလို ပြောလို့ရတဲ့သူ

တစ်ယောက်ယောက် ရှိတယ်ဆိုရင်တော့

သင်ဟာက ကံကောင်းတဲ့လူပေါ့။။။။။။။။။။။။။။

ချစ်သူ့သစ္စာ


သို့.....ချစ်သူ
သင်သည်မေတ္တာတရားရှိပါငြားလျက်
အဘယ်ကြောင့်မုသားသက်သေထွက်ရပါသနည်း
အကြင်နာနှလုံးသားရှိပါလျက်
သင်သည်စိမ်းကားရက်စက်လွန်းလှသည်
ကျွန်ုပ်ကိုအမုန်းပွားစေခဲ့ပြီလား
ယခုအခါ.....သင်သည်
အဖြစ်မှန်ကို ပြောင်းပြန်လှန်သကဲ့သို့
သင့်၏မုသားဖြင့်ကျွန်ုပ်ဘ၀ကိုလည်း
ပြောင်းပြန်လှန်ပစ်လေတော့မည်။
ကျွန်ုပ်သည်မိကောင်းဖခင်သားတစ်ယောက်အဖြစ်မှ
မိန်းကလေးတစ်ယောက်ကို
အတင်းအဓမ္မကားတင်ခိုးပြေးခဲ့သော
လူဆိုးလူသွမ်းဖြစ်ရချေပြီ။
သင်နှင့်ကျွန်ုပ်နှစ်ဦးကြည်ဖြူ
အတူတကွသစ္စာတိုင်ခဲ့ကြသော
ဘုရားစေတီအဆူဆူကိုလည်းကောင်း
အတူတကွပေါင်းစေရကြောင်း
ဆုတောင်းတို့ကိုလည်းကောင်း
သင်သည်ပြန်ပြောင်းမှတ်မိစေသင့်၏။
သင်သည်မွေးကျေးဇူးရှိခဲ့ဖူးသည့်
မိဘတို့၏မျက်နှာကိုထောက်ထားကြောက်အားပိုကာ
အပြစ်မရှိသောကျွန်ုပ်အား
ထောင်ဒဏ်ကျခံစေရန်အားထုတ်ခဲ့လေပြီ။
အလိုမတူအကြမ်းဖက်ယူပါသည်ဟု
ရုံးတော်တွင်လိမ်လည်၍ထွက်ဆိုခဲ့ပြီ။
သင့်မိဘတို့သည်လည်း
ကျွန်ုပ်၏ဆင်းရဲနွမ်းပါးမှု
မိဘဂုဏ်ရှိန်မှေးမှိန်မှုတို့ကြောင့်
သင်နှင့်သဘောမတူဒေါသဆူကာ
လူလူချင်းကိုယ်ချင်းမစာ
အပြစ်မဲ့သောတစ်ပါးသူ၏ဘ၀ကိုပျက်စေခဲ့ပြီ။
သင်သည်သိလျက်နှင့်ဖြစ်စေ မသိ၍ဖြစ်စေ
ကျွန်ုပ်အပေါ်ရက်ရက်စက်စက်လုပ်ရက်ခဲ၏။
ကျွန်ုပ်သည်သင့်ကိုအနှိုင်းမဲ့ချစ်ခဲ့မိခြင်းမှလွဲ၍အပြစ်မရှိ
ဤမှန်သောသစ္စာစကားကြောင့်
သင်ကဲ့သို့သောမိန်းမဆိုးအမုန်း
ဤဘ၀ဤမျှနှင့်ဆုံးစေတော့.....
သားသမီးချင်းမစာနာတတ်သည့်သင့်မိဘများနှင့်လည်း
သည်ဘ၀နောက်ဆုံးဆုံတွေ့ရခြင်းဖြစ်ပါစေ.................

မြန်မာ သတင်းများ