ပင်မနေရာပြင်ရန်

flycatlay007@gmail.com

Friday, October 05, 2012

ချစ်သူ့သစ္စာ


သို့.....ချစ်သူ
သင်သည်မေတ္တာတရားရှိပါငြားလျက်
အဘယ်ကြောင့်မုသားသက်သေထွက်ရပါသနည်း
အကြင်နာနှလုံးသားရှိပါလျက်
သင်သည်စိမ်းကားရက်စက်လွန်းလှသည်
ကျွန်ုပ်ကိုအမုန်းပွားစေခဲ့ပြီလား
ယခုအခါ.....သင်သည်
အဖြစ်မှန်ကို ပြောင်းပြန်လှန်သကဲ့သို့
သင့်၏မုသားဖြင့်ကျွန်ုပ်ဘ၀ကိုလည်း
ပြောင်းပြန်လှန်ပစ်လေတော့မည်။
ကျွန်ုပ်သည်မိကောင်းဖခင်သားတစ်ယောက်အဖြစ်မှ
မိန်းကလေးတစ်ယောက်ကို
အတင်းအဓမ္မကားတင်ခိုးပြေးခဲ့သော
လူဆိုးလူသွမ်းဖြစ်ရချေပြီ။
သင်နှင့်ကျွန်ုပ်နှစ်ဦးကြည်ဖြူ
အတူတကွသစ္စာတိုင်ခဲ့ကြသော
ဘုရားစေတီအဆူဆူကိုလည်းကောင်း
အတူတကွပေါင်းစေရကြောင်း
ဆုတောင်းတို့ကိုလည်းကောင်း
သင်သည်ပြန်ပြောင်းမှတ်မိစေသင့်၏။
သင်သည်မွေးကျေးဇူးရှိခဲ့ဖူးသည့်
မိဘတို့၏မျက်နှာကိုထောက်ထားကြောက်အားပိုကာ
အပြစ်မရှိသောကျွန်ုပ်အား
ထောင်ဒဏ်ကျခံစေရန်အားထုတ်ခဲ့လေပြီ။
အလိုမတူအကြမ်းဖက်ယူပါသည်ဟု
ရုံးတော်တွင်လိမ်လည်၍ထွက်ဆိုခဲ့ပြီ။
သင့်မိဘတို့သည်လည်း
ကျွန်ုပ်၏ဆင်းရဲနွမ်းပါးမှု
မိဘဂုဏ်ရှိန်မှေးမှိန်မှုတို့ကြောင့်
သင်နှင့်သဘောမတူဒေါသဆူကာ
လူလူချင်းကိုယ်ချင်းမစာ
အပြစ်မဲ့သောတစ်ပါးသူ၏ဘ၀ကိုပျက်စေခဲ့ပြီ။
သင်သည်သိလျက်နှင့်ဖြစ်စေ မသိ၍ဖြစ်စေ
ကျွန်ုပ်အပေါ်ရက်ရက်စက်စက်လုပ်ရက်ခဲ၏။
ကျွန်ုပ်သည်သင့်ကိုအနှိုင်းမဲ့ချစ်ခဲ့မိခြင်းမှလွဲ၍အပြစ်မရှိ
ဤမှန်သောသစ္စာစကားကြောင့်
သင်ကဲ့သို့သောမိန်းမဆိုးအမုန်း
ဤဘ၀ဤမျှနှင့်ဆုံးစေတော့.....
သားသမီးချင်းမစာနာတတ်သည့်သင့်မိဘများနှင့်လည်း
သည်ဘ၀နောက်ဆုံးဆုံတွေ့ရခြင်းဖြစ်ပါစေ.................

No comments:

Post a Comment

ူသူငယ်ချင်းရဲ့ ကွန်မန့် တစ်ခုသည် ကျတော်ရဲ့ အားဆေးတခွင့်ပါ

မြန်မာ သတင်းများ