ပင်မနေရာပြင်ရန်

flycatlay007@gmail.com

Tuesday, October 16, 2012

ပိုစ်တွေကို slide show ပုံလေးပြေးအောင်လုပ်ကျမယ်



တင်ထားတဲ့ပိုစ့်တွေကို slide show ပုံတွေနဲ့ပြေးနေအောင်လုပ်တဲ့နည်းလေပါ

လုပ်နည်းကတော့   ''ဒီမှာသွားလုပ်  ပုံကိုကြည့်သွားနော် အဆင်ပြေပါစေ..........။





 

ဆိုတေးဟာ သူသည်ဗုဒ္ဓဘာသာစစ်စစ်ဖြစ်ကြောင်း သက်သေတစ်ခုထွက်ရှိ


ကျွန်တော်ဘာသာခြား မဟုတ်ပါဘူးဆိုတဲ့ "ဆိုတေး"
13 OCTOBER 2012

 

'ဖက်တီးမ' သီချင်းရိုက်ကူးရာတွင် ပုဂံဘုရားကိုနောက်ခံထား၍ Lazy Club တီးဝိုင်းနှင့် အတူ ဆိုတေးက သရုပ်ဆောင်ရာမှာ ဖိနပ်စီးကြောင်း အင်တာနက် စာမျက်နှာများပေါ်တွင် ပြန့်နှံ့နေတဲ့ ကိစ္စနဲ့ပတ်သက်၍ ဆိုတေးက "အဲဒီဘုရားက ပုဂံဘုရားလည်း မဟုတ်ဘူး။ မြောက်ဥက္ကလာက သီလရှင် ကျောက်ရေတွင်း ကျောင်း၊ ဆောက်လက်စ ကျောင်းမှာ ရိုက်ထားတာပါ။ သူများစီးလို့ ကိုယ် လိုက်စီး


ပြီးရိုက် တာ လည်း မဟုတ်ဘူး။ ငါတို့သရုပ်ဆောင်၊ အဆိုတော်ပဲကွာ ဆိုပြီး စီးပြီးရိုက် တာလည်း မဟုတ်ဘူး။ အဲဒီမှာ လုံခြုံရေးတွေ၊ ရဲအရာရှိ တွေ လာကြည့်တဲ့ အရပ်သားတွေ လည်း ဖိနပ်စီးထားကြပါတယ်။
ဒါက စီးလို့ရတဲ့ နယ်မြေတစ်ခုလို့ တာဝန်ခံ ကပြောတဲ့ အတွက်ကြောင့်စီးတာပါ။ နောက်တစ်ခုက ကျွန်တော်ဘာသာခြား တစ်ယောက်မဟုတ်ပါဘူး။ ဗုဒ္ဓဘာသာ ဝင်စစ်စစ်ပါ။ ဘာသာခြားတစ်ယောက်ပဲဆိုပြီး ပရိသတ်ကို ဘယ်တော့မှ လိမ်ပြီး မကိုးကွယ်ဘူး။ ကျွန်တော့်ရင်ထဲမှာ တကယ် တမြတ်တနိုး ကိုးကွယ်တာက မြတ်စွာ ဘုရားရှင်ကို ကိုးကွယ်တာပါ။ ကျွန်တော့်အိမ်မှာလည်း ဘုရားစင်ရှိပါတယ်။ ညနဲ့ နံနက်ကျရင် ဘုရားရှိခိုးတယ်။ ပရိသတ်က ကျွန်တော့်ကို ဘာသာရေး တစ်ခုမှာ အထင်လွဲနေတာ ပါ။ ဗုဒ္ဓဘာသာရဲ့ထုံးစံအတိုင်း ကျွန်တော်ရှင်ပြုရဟန်းခံပြီးပါပြီ။ ကျွန်တော့်ဆီကိုဖုန်း ဆက်ပြီး ပုဂံဘုရားပေါ်မှာဖိနပ်စီး တယ်၊ ဘာသာခြားတစ် ယောက် ဆို ပြီး ရစရာမရှိအောင် ပြောလာခဲ့တာပါ။
ဒီနေရာမှာ ရိုက်ကူးရေးတာဝန်ခံ ကိုဇေပါက စီးလို့ရတယ်၊ သီလရှင်ဆရာလေး တစ်ပါးက ဆောက် လက်စနေရာတစ်ခုမို့လို့ စီးလို့ရတယ်ပြောလို့ ကျွန်တော် တို့စီးခဲ့တာပါ။ နောက်တစ်ရက်ကျတော့ အမျိုးသမီးတစ်ယောက်က ဘုရားမှာဖိနပ်စီးတဲ့ကိစ္စ၊ လူမျိုးခြားမဟုတ်တဲ့အကြောင်းကို ဂျာနယ်ကနေတစ်ဆင့် ရှင်းပြပါလို့ပြောလာပါတယ်။ ဒါကြောင့် နိုဝင်ဘာလ(၁၁)ရက် စီးတီးစတားမှာ အဲဒီကိစ္စနဲ့စပ်လျဉ်းပြီး ကျွန်တော်ရယ်၊ ကိုနိုင်ဇော်ရယ်ပေါင်းပြီး စာနယ်ဇင်း ရှင်းလင်းပွဲပြုလုပ်မှာပါ။ ကျွန်တော့်ရဲ့ မျက်လုံးမျက်ခုံးက ဘာသာခြားနဲ့တူရတဲ့အကြောင်းအရင်းကလည်း အဖေ့မှာအဲဒီလိုသွေးပါလို့တူရတာပါ။ အဖေက လည်း ဗုဒ္ဓဘာသာဝင်တစ်ယောက်ပါ။ အမေကလည်း ဗမာစစ်စစ်တစ်ယောက်ပါလို့ ပြောကြား သွားခဲ့ပါတယ်။
T.M.Z

မူရင်းသတင်း-- 8 DAYS
Post By : အေးချမ်းမွန်
Face book က ကူးလာတာပါ -  http://www.facebook.com/excellencemedia

Monday, October 15, 2012

Friday, October 12, 2012

ဘလော့ဂါ တွင်မြန်မာပြက္ခဒိန် လေထဲ့ကျမယ်



မြန်မာဘလော့ဂါများအတွက်အကောင်းဆုံး လေးတစ်ခုပေါ့ဘာလဲဆိုတော့ကိုယ့်ဘလော့ဂါမှာ
 မြန်မာပြက္ခဒိန် လေးထဲ့ထားရင်ဘလော့ဂါထဲဝင်လိုက်ရင် ကြည့်လို့ရတာပေါ့ ထဲ့ချင်ရင်တော့အောက်ကကုတ်တွေကိုထဲ့လိုက်ပါ
ထဲ့နည်းကတော့

1. မိမိ Blog မှ Layout ကို click လိုက်ပါ။
2. Page Elements ကို click လိုက်ပါ။
3. Add a Gadget ကို click ပြီ HTML / JavaScript ထဲမှာ အောက်က code တွေကို ထည့်လိုက်ပါ။



 <center><img style="width: 200px; height: 200px;" src="http://www.myanmarcalendar.org/img_calendar.php?Curdt=1307443241&amp;GMT=-120" id="mm_clendar" alt="Myanmar Calendar" border="0" /></center>
    <script language="JavaScript">
var now = new Date();var ts  = Math.round(now.getTime() / 1000); var offset = now.getTimezoneOffset();
// mm_clendar.src = eval("'http://www.myanmarcalendar.org/mcalendar.php?Curdt='+ts+'&GMT='+offset");
document.getElementById('mm_clendar').src = eval("'http://www.myanmarcalendar.org/img_calendar.php?Curdt='+ts+'&GMT='+offset");</script>



အဆင်ပြေပါစေ..။

Wednesday, October 10, 2012

အချစ်ကရောဒီလိုပဲလား


ကြမ်းပိုးကျားကြီး တစ်ကောင်လိုဖြစ်နေမလား

ထားလို့လည်း မပြေ...

ကုတ်နေလို့လည်း မဖြစ်...

လူသူလစ်မှ...ကိုယ်ကလေတွန့်ခါပြီး

နေသာသလို နေရတဲ့ဘဝ

(အချစ်ကရောဒီလိုပဲလား)
လူသူလစ်မှ..ကိုယ်ကလေတွန့်ခါပြီးတော့လေ..............

မြန်မာ သတင်းများ