ပျိုမေတို့ လက်ရှိသုံးနေတဲ့ အလှကုန်တွေအများစု ငှက်ပျောသီးနဲ့ ပြုလုပ်ထားတဲ့ အလှကုန်တွေပဲ ဖြစ်ပါတယ်။ ငှက်ပျောသီးဟာ အသားအရေ အတွက် အကျိုးရှိစေတာမို့ ဝက်ခြံပျောက်အလှကုန်တွေမှာ များသော အားဖြင့် သုံးပြုကြပါတယ်။
ဒါ့အပြင်ဆံကေသာ အတွက် လည်း နူးညံ့ခြင်း၊ နှစ်ခွဖြစ်ခြင်းများကို တားဆီးပေးတာမို့ ဆံကေသာ အလှကုန် ပစ္စည်းတွေမှာလည်း ထည့်သွင်းအသုံး ပြုကြပါတယ်။ ဒါကြောင့် ငှက်ပျောသီးဟာ ပျိုမေတို့ရဲ့ မိတ်ဆွေကောင်းတစ်ယောက်ဆိုရင် မမှားပါဘူး။ ငှက်ပျောသီးရဲ့ အစွမ်းတွေဟာ ကျန်ရှိနေသေးတာမို့ ဖော်ပြလိုက်ပါတယ်။
စိတ်ဖိစီးမှု
ထရိုင်တိုဖန်နဲ့ အမီနိုအက်ဆစ်တွေပါဝင်တဲ့ အတွက် စိတ်ဖိစီးမှုကို သက်သာရာရစေပြီး လူကို လန်းဆန်းစေပါတယ်။ ပိုတက်ဆီယမ်ဓာတ် အများအပြားပါဝင်တဲ့အတွက်ကြောင့်လည်း နှလုံးခုန်နှုန်းကို ပုံမှန် ဖြစ်စေပြီး ခန္ဓာကိုယ်ရဲ့ ရေဓာတ်ပါဝင်မှု အနေအထားကို ဟန်ချက်ညီအောင် ညှိပေးပါတယ်။ လူတစ်ယောက်ဟာ စိတ်ဖိစီးမှု ဖြစ်လာရင် ပိုတတ်ဆီယမ်ဓာတ်တွေဟာ လျှော့နည်းသွားပါတယ်။ ငှက်ပျောသီးမှာ ပိုတတ်ဆီယမ်ဓာတ်တွေ အများအပြားပါဝင်တဲ့အတွက် လိုအပ်နေတဲ့ ဓာတ်ကို ဖြည့်တင်းပေးပါတယ်။ ဒါ့ပြင် ဦးနှောက်ဥာဏ်ရည်ကိုလည်း ထက်မြက်စေပါတယ်။ ဒါကြောင့် စာမေးပွဲဖြေခါနီးကျရင် ငှက်ပျောသီးစားပေးတာဟာ ကျောင်းသားတွေအတွက် ကျက်ထားတဲ့ စာတွေ မမေ့ မလျှော့စေတော့ပါဘူး။
အမြင်အာရုံ
တစ်နေ့ကို သစ်သီးသုံးမျိုး နေ့စဉ်စားသုံးလာတဲ့သူဟာ အသက်အရွယ်ကြီးလာရင် အမြင်အာရုံချို့ယွင်းမှု နည်းပါးတယ်လို့ သုတေသန တစ်ခုက ဆိုထားပါတယ်။ တခြားလူကြီးရောဂါများကိုလည်း ကာကွယ်ပေးပါတယ်။
ပျို့အန်ခြင်း
အစာ(နေ့လည်စာ၊ မနက်စာ၊ ညစာ) စားပြီး သွားရည်စာအဖြစ် ငှက်ပျောသီးကို စားပေးတာဟာ ပျို့အန်ခြင်းကို တားဆီးပေးနိုင်ပါတယ်။
ဆေးလိပ်သောက်ခြင်း
ဆေးလိပ်ဖြတ်မယ်ဆိုရင် ငှက်ပျောသီးစားပေးပါ။ ငှက်ပျောသီးဟာ ဆေးလိပ်ဖြတ်တဲ့နေရာမှာ အထောက်အကူပေးပါတယ်။ ဘာကြောင့်လဲဆိုတော့ ဗီတာမင် B6၊ B12 တို့ပါဝင်ပြီး ပိုတတ်ဆီယမ်နဲ့ မဂ္ဂနီဆီယမ်ဓာတ်တွေလည်း ကြွယ်ဝစွာ ပါဝင်တဲ့အတွက် နီကိုတင်းကြောင့် ဆုံးရှုံးသွားတာတွေကို ပြန်လည်ဖြည့်တင်းပေးနိုင်ပါတယ်။
ခြင်အန္တရာယ်
ယင်ဖိုတောင် မသန်းဖူးတဲ့ ပျိုမေတွေအတွက် ခြင်မ(သွေးစုပ်သော ခြင်သည်အမသာရှိ) ရန်ကြောင့် အဖုအပိတ် ထွက်လာခဲ့ရင် ငှက်ပျောသီး အခွံနဲ့ ပွတ်သပ်ပေးရင် ယားယံတာ၊ အဖုအပိတ်ထွက်တာတွေ ပျောက်ကင်းနိုင်ပါတယ်။
လေဖြတ်ခြင်း
နယူးအင်္ဂလန်ဆေးပညာဂျာနယ်ကပြုလုပ်တဲ့ သုတေသနတစ်ခုအရ ငှက်ပျောသီး စားသုံးခြင်းဟာ လေဖြတ်ခြင်းကို ကောင်းစွာ ကာကွယ်နိုင်ကြောင်း တွေ့ရှိထားပါတယ်။
အီဂျစ်နဲ့ ရောမလူမျိုးများရဲ့ လျှို့ဝှက်ချက်
အီဂျစ်နဲ့ ရောမလူမျိုးများဟာ သူတို့ရဲ့ အလှအပဆိုင်ရာ နည်းပညာတွေထဲမှာ ငှက်ပျောသီးအသုံးလည်း ပါပါတယ်။ ငှက်ပျောသီးထဲမှာ အမီနို အက်ဆစ်ပါဝင်ကြောင်း အထက်မှာ ဖော်ပြပြီးသွားပါပြီ။ အမီနို အက်ဆစ်ဟာ အသားအရေနဲ့ ဆံကေသာအတွက် အရမ်းအကျိုး ရှိစေပါတယ်။ ဆံသားကို ပျော့ပြောင်းစေပြီး ဗီတာမင်အေ၊ ဘီ၊ စီ တို့လည်း ပါဝင်တဲ့အတွက် ဆံပင်နှစ်ခွ ဖြစ်ခြင်းမှ ကာကွယ်ပေးပါတယ်။
ငှက်ပျောသီး သက်သက်ကို အခွံခွာပြီး ဆံပင်ကို ပွတ်ပေးပါ။ ပြီးရင် ခဏစောင့်ပြီးမှ ရေနဲ့ ပြန်လျှော်ပေးပါ။ Conditioner သုံးစရာမ လိုအောင် ဆံပင်ဟာ တောက်ပြောင်၊ နူးညံ့ ရွှန်းစိုစေပါတယ်။
အရေပြားအတွက်
ငှက်ပျောသီးအခွံ သက်သက်ကို အရေပြားပေါ်တွင် ပွတ်သပ်လိမ်းပေးခြင်းဟာလည်း အရေပြားအတွက် ကောင်းစေပါတယ်။ ဝက်ခြံရှိတယ်ဆိုရင် မျက်နှာကို ငှက်ပျောသီးအခွံနဲ့ပွတ်ပေးပါ။ ခဏတာအတွင်း ဝက်ခြံတွေ ပျောက်ကင်းသွားပါလိမ့်မယ်။ ငှက်ပျောသီးကို ချေပြီး မျက်နှာကို လိမ်းချေပေးပါ။ ပြီးရင် ၁၀- ၁၅ မိနစ်လောက်စောင့်ပြီး ရေနဲ့ ပြန်သစ်ပေးပါ။ အချိန်မှန်မှန်လုပ်ပေးလာတာနဲ့အမျှအသား အရေကို ဝင်းပလာစေပါတယ်။ မျက်နှာပေါ်က အညစ်အကြေးတွေ ကင်းစင်စေပါတယ်။ အမာရွတ်တွေ ပျောက်စေပါတယ်။ကြွက်နို့ကို သတ်တဲ့အခါမှာလည်း သုံးနိုင်ပါသေးတယ်။ ငှက်ပျောသီး အတွင်းသားနဲ့ ကြွက်နို့ကို ဖုံးပေးပြီး သတ်နိုင်ပါတယ်။ထောပတ်သီး တစ်လုံး၊ ငှက်ပျောသီး တစ်လုံး၊ နွားနို့စစ်စစ် ၂ ဇွန်း နဲ့ ဗီတာမင် အီးအဆီ ၂ ဇွန်းတို့ကို ယူပါ။ ထောပတ်သီးနဲ့ ငှက်ပျောသီးကိုချေပြီး သမအောင် နယ်ပေးပါ။ ပြီးမှ နွားနို့ကို ထည့်ပေးပါ။ ပြီးရင် အဲဒီ့အရည်ကို မျက်နှာနဲ့ အသားအရေအတွက် လိမ်းပေးပါ။ ဆယ်မိနစ်လောက် အခြောက်ခံပြီးမှ ပြန်ပြီးရေနဲ့ဆေးကြောပေးရမှာ ဖြစ်ပါတယ်။ ကောင်းကျိုးတွေကတော့ အရည်ပြားကို နူးညံ့ရွှန်းစိုစေပါတယ်။
ကလေးများအတွက်
ငှက်ပျောသီးဟာ ပျိုမေတို့အတွက်သာမက ကလေးသူငယ်အတွက်ပါ အကျိုးရှိစေတဲ့ သစ်သီး တစ်မျိုး ဖြစ်ပါတယ်။ အစာအလွယ် တကူချေဖျက်စေနိုင်ပြီး အဆီလည်း မပါတဲ့အတွက် ကလေးတွေနဲ့ လိုက်ဖက်တဲ့ အစားအစာမျိုး ဖြစ်ပါတယ်။ ငှက်ပျောသီးနဲ့ မတည့်တဲ့ ကလေး ရှားပါတယ်။ နောက်ပြီး ခန္ဓာကိုယ် ကြီးထွားစေဖို့အတွက်လည်း ငှက်ပျောသီးဟာ လိုအပ်တဲ့ သစ်သီး တစ်မျိုး ဖြစ်ပါတယ်။ အဆုံးသတ်ပြောရရင် ပျိုမေတို့အတွက် ငှက်ပျောသီးဟာ အသားအရေအတွက်ရော၊ ဆံပင်အတွက် သာမက ကိုယ်တွင်း ကျန်းမာရေးနဲ့ နောင်ရေးအာရောပျံအတွက်ပါ အကျိုးရှိစေတာမို့ အစာလည်းဆေး၊ ဆေးလည်း အစာအဖြစ် သုံးဆောင်ရင်း လှသထက် လှနိုင်ကြပါစေလို့ ဆုတောင်းလိုက်ရပါတယ်။
ပြတိုက်မှာကူးယူဖော်ပြသည်
ကောင်းကင်ကြီး ရဲ့တိမ်တိုက် တွေကြားထဲမှာ မင်းရဲ့ပုံရိပ်တွေကို ကိုယ်နေတိုင်းတွေနေရတယ် လေတွေတိုက်တိုင်း မင်းရဲ့စိတ်တွေ တိမ်လိုလွင့်မျှော် သွားမှာကိုကိုယ်တွေးကြောက်မိတယ် ကောင်းကင်ပြာကြီးလိုမင်းရဲ့ စိတ်တွေမလွင့်မျှော် ပဲတည် ငြိမ်ပါစေလို့ ကိုယ် ဆုတောင်းလိုက်တယ် မင်းနားလည်ပါစေ...........။
Wednesday, September 19, 2012
Saturday, September 15, 2012
မရတာကိုမှလိုချင်သူ (မိန်းခလေးအများဖတ်ရန်)
ပုံပြင်မဟုတ်ပါ ဖြစ်ရပ်မှန်ဇာတ်လမ်း
(အကျဉ်းချပ်) လင်သည် အစားထိုး၍ ရသည် သားသည်အစားထိုး၍ရသော်လဲ မောင်လေးညီမလေးများသည်အစားထိုး၍မရနိုင်ပါခင်ဗျာ
(အကျယ်ကိုသိချင်ရင်တော့အောက်မှာဖတ်လိုက်ပါဗျာ)
ဟို......အရင်ကဘုရင်ကြီးတစ်ပါးရှိပါသည် ထိုဘုရင်လက်ထက်တွင်
တိုင်းပြည် ၌ မတည်ငြိမ် ပူလောင်တောင်းကျမ်းနေသော လူဆိုး ဓားမြှာ
တွေကိုတိုက်ခိုက် ဖို့ရာ မူးမတ်ရဲမက် တွေကိုစေလွှတ်၍ လိုက်ဖမ်းခိုင်းကျ
သည် ထို့သို့ လိုက်ဖမ်းကျရာ မူးမတ် ရဲမက်များမှာ လူဆိုးများကိုဘေးပတ်ပတ်
လည် တွင်ဝိုင်းထာသော လဲလုဆိုးများကိုဖမ်း၍ မမိကျလူဆိုးများသည်လွှတ်ရာ
သို့ပြေးလွှားကုန်ကျ၏ သို့ရာတွင်မူးမတ်ရဲမက် များမှာနောက်ကနေလိုက်ရင်းလိုက်
ရင်းနဲ့ လယ်လုပ်နေသောလယ်သားသုံးယောက်အား မြင်လေ၏ ဤသို့မြင်ရာတွင်
၏လယ်သားများကို အို...အသင် လူဆိုးမပြေးနဲ ငါတို့နောက်ကိုလိုက်ခဲ့ပေတော့
ဖမ်းလိုက်ကျသည်.။ လယ်သားများမှာ ကျတော်တို့သည် လုဆိုးမဟုတ်ပါဘူးခင်ဗျာ
ကျတော်တို့ သည်လယ်သားများအစစ် ပင်ဖြစ်ကျပါသည်လိမ်မပြောပါဘူးခင်ဗျာ
မူးမတ်ရဲမက်များမှာ သင်တို့သည်ပြေးမလွှတ် ၍လယ်သားများယောင်ဆောင်ကျ
သည်ကိုငါတို့သိကျသည်လိုက်ခဲ့ပေတော့ ဟူ၍ဖမ်းသွားကုန်ကျသည်။ ထိုသို့ဖမ်း
သွားကျသည် ကိုခပ်ဝေးဝေး မှမိန်းခလေးတစ်ယောက်က မြင်၍ အို...ဘုရင့် လူတွေ
လူဆိုးများကိုဖမ်း၍ မမိဘဲနဲ့ နီးရာလယ်သားများကိုဖမ်းသွားကျပါလား မဖြစ်ဘူးလေ
အပြစ်မရှိတဲ့လယ်သားများကို ငါ့မှာ ရှိသလောက်ဥာဏ်လေးနဲ့ လိုက်ကယ်မှ ဖြစ်မယ်
ဆို၍ နန်းတွင်းသို့ ရောက်သွားရာ နန်းတွင်း ဘေးတွင်ပတ်၍ ပုဆိုးပေးပါဟု၍ လိုက်ပတ်
၍ အော်လေရာ ဘုရင်မင်းမြတ် နားတော်တွင်ကြားလေသည် အမတ်ကြီးများ နန်းတော်
ဘေးတွင် ဆင်းရဲသားမိန်းမသားတစ်ယောက် ဘာတွေအော်နေပါလဲဟုမေးလေသည်
ထိုမိန်းမသား အော်နေချင်း မှာ ပုဆိုးတောင်းနေကြောင်းပါဘုရား။ အေ...အမတ်ကြီးတို့
ရှိတဲ့ ပုဆိုးတွေသွားပေးလိုက်ကျပေးတော့ အမတ်ကြီးများ သွားပေးရာ ထိုမိန်းမသည်
ငါတောင်းချင်းသည် ဤပုဆိုးမဟုတ်ပါ အမတ်ကြီးများမှာ နားမလည်နိုင်၍ ဘုရင်ကြီးဆီ
ခေါ်သွားကျသည် ဘုရင်မင်းကြီး ဘုရားထိုမိန်းမသား တောင်းဆိုသော ပုဆိုးသည် ဤ
ပုဆိုး မဟုတ်ပါဘူးတဲ့ ဘုရား အသင်မိန်းမသား သင်တောင်းဆိုချင်းသည် ပုဆိုးမဟုတ်လား
ကျမလိုချင်သောပုဆိုးမှာဤ ပုဆိုးမဟုတ်ကြောင်းပါဘုရား ဒါဆိုဘာတောင်းဆိုတာလဲ
မိန်းမသားများမှာ ပုဆိုးအဝတ် ၁၀၀ ဖုံးတော်လဲ မလုံချုံ ကြောင်းပါဘုရား လင်ဟူသော
ယောကျာင်္းများ ရှိမှလုံချုံကြောင်းပါဘုရား အို....မိန်းခလေး အပြင်မှာ ယောကျာင်္းတွေ
ဒီလောက်များပေစွာ အဘယ်ကြောင်ငါနန်းတွင်း တွင်လိုက်ပတ်အော်ရ တနည်း
ဒီလိုပါဘုရား မူမတ်ရဲမက် များစွာ ဖမ်းခေါ်သွားသော အထဲမှာ ကျမယောင်္ကျား ပါသွား
ကြောင်ပါဘုရား အမတ်ကြီးများ မနေ့ကဖမ်းလာသော လူသုံးယောက်အား ခေါ်လာခဲ့စမ်း
ရောက်ရှိလာကြောင်းပါဘုရား အသင်မိန်းခလေး ဤသုံးယောက်တွင် သင်ယောကျာင်္း
ဘယ်သူလဲ ရွှေးခေါ်သွားပါ မှန်လှပါဘုရား သုံးယောက်မှာ တစ်ယောက် ကလင်ဖြစ်ကြောင်းပါဘုရား
တစ်ယောက် ကသားဖြစ်ကြောင်းပါဘုရား တစ်ယောက် ကမောင်လေးဖြစ်ကြောင်းပါဘုရား အသင်လင်ကိုသာ
အသင်ရွှေးခေါ်သွားပါမိန်းခလေး သုံးယောက်လုံးလွှတ်စေချင်ကြောင်းပါဘုရား တစ်ယောက်သာလျှင်ခေါ်စေ
အသင်ကြိုက်တဲ့ တစ်ယောက်ကိုသာရွှေးခေါ်သွားပါ ကျမသည် မောင်လေး ကိုခေါ်ဆောင်လိုကြောင်းပါဘုရား
အို...အသင်မိန်းခလေး အသင်စကားကိုအသင်စဉ်းစာကြည့်စမ်း ပထမ ကတော့ ပုဆိုးတဲ့ ပုဆိုးပေးတော့ ပုဆိုး
မဟုတ်ပြန် လင်တဲ့ လင်ပေးတော့ လင်မဟုတ်ပြန် မောင်လေး တဲ့ အသင်ငါကို အမျိုးမျိုး ဆောက်တင်နေပါလား
အဲလို မဟုတ်ပါဘုရား သားသည်မှ ကျမ မသေသ၍ မွေးဖွားရကြောင်းပါဘုရား လင် သည်မှာလဲ မိန်းမများသည်
တစ်ခရီးသွား၍ တစ်ယောက် ယူ၍ရကြောင်းပါဘုရား မောင်လေး ဆိုသည်မှာ ကျမတို့ကိုမွေးဖွား ပေးသော မိခင်
မှာသေသွားသော ကြောင့်မောင်လေး ကိုအစားထိုး၍ ပြန်လည်လုပ်ယူ၍ မရကြောင်းပါဘုရား ဤကြောင့်
မောင်လေး ကိုရွှေးရချင်ဖြစ်ပါသည်ဘုရား အို....အသင်မိန်းခလေး ပြောချင်သည်မှန်လေစွာ အမတ်ကြီးများ
အသင်မိန်းခလေး သည်င်ါရဲ့စိတ်ကိုလဲကြည်လင်အောင် ပြောဆိုတတ်၏ ငါစိတ်ဆိုးနေသည်ကိုလဲ ပြေပျောက်
အောင်ပြောဆိုတတ်သည် ထိုကြောင့် ဤလူဆိုး သုံးယောက်လုံးကို ပြန်လွှတ်လိုက်စေတတည်း။။။။။။။။
(မှတ်ချက်) မိန်းခလေး သည် ထိုလယ်သား သုံးယောက်နဲ့ မသိကျဘဲနဲ့ လင် သား မောင်လေး ဟူ၍ လိမ်လည်ပြီး လွှတ်အောင်ပြောဆိုခဲ့ပါသည်။။။။။။။။။။ ဒါကို ဘုရင်မသိ သိရင်တော့သေဒဏ်လားမသိဘူးနော် ခိခိခိခိခိ ( ပြီပါပြီ )
။။။ဆရာတော် ကြာနီဂံ တရားကိုနား ထောင်ပြီး တရားထဲက ဇာတ်လမ်းကိုလက်ကမျှင်းပြီး အလုပ်မရှိအလုပ်ရှာပြီးရေးထားပါသည်။။။
Wednesday, August 15, 2012
Friday, August 10, 2012
Subscribe to:
Posts (Atom)
